ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ကြိုဆိုပါ၏။

ဤတက္ကသိုလ်၏တည်နေရာသည် ရွှေညဝါဆရာတော်၏ သီတင်းသုံးရာ ရွှေညဝါပညာ့ဗိမာန် ကျောင်းပင်ဖြစ်၏။ တက္ကသိုလ်မတည်ထောင်ခင်က ဆရာတော်၏ ကျောင်းသည် စာသင်သားရဟန်း တော်၊ သာမဏေများနှင့် ကျောင်းသားအနည်းငယ်မျှသာရှိခဲ့၏။ နှစ်စဉ်နွေရာသီတွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ရွှေညဝါဆရာဖြစ်သင်တန်း ကြီး ဖွင့်လှစ်သည့် သင်တန်းများ၌မူ စာသင်သားသံဃာတော် တစ်ထောင်လောက်ပင်ရှိသည်။ ဆောက်လက်စ ကျောင်းဆောင်များလည်း မပြီးသေး။ ယခု စာချ နည်းပြကထိကဆရာတော်များ သီတင်းသုံးရာနေရာလည်းဖြစ်၊ ယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ်တို့၏ ပညာသင်ကြားရာ နေရာလည်းဖြစ်သည့် ရတနသိဒ္ဓိနှစ်ထပ်ဆောင် မှာလည်း မပြီးပြတ်သေးသဖြင့် ခိုငှက်ကလေးများနှင့် လင်းနို့ငှက်တို့၏ နားခိုရာဗုံဗိမာန်တစ်ခုပင်။

အဟောင်း… မကောင်းဘူးလို့ သူမဆို။ အသစ်… အပြစ်လို့လည်း သူမမြင်။အဟောင်း အသစ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ မဇ္ဈိမလမ်းကို သူမြန်းမ(မည်)တဲ့။သူဟာ…… အတော်ဆုံးဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာထက် ဆထောင်သောင်းကွာတဲ့ ဆရာရဲ့စုတ်ချက်တွေအောက် လူလားမြောက်ခဲ့ပေါ့…။သူဟာ……… ကျောင်းသားတွေရဲ့မျက်စိ၊ကျာင်းသားတွေရဲ့နား၊ ကျောင်းသားတွေရဲ့အားပါပဲလေ…။သူဟာ… တက်,ရွက်အစုံ သူငါအကုန်နဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အသင့်ဖြစ်ခဲ့ပြီ…။သူတို့မေတ္တာ သူတို့စေတနာ သူတို့အနစ်နာ သူတို့ပညာဖြင့် အမိမြေလည်းမြင့် ကမ္ဘာမြေလည်းတင့်ပါစေ….။
Showing posts with label ကဗျာ၊ လင်္ကာ။. Show all posts
Showing posts with label ကဗျာ၊ လင်္ကာ။. Show all posts

Thursday, March 10, 2011

တတိုင်းမွှေး(သို့) ဗုဒ္ဓတက္ကသိုလ်

အဟောင်း… မကောင်းဘူးလို့ သူမဆို။ အသစ်… အပြစ်လို့လည်း သူမမြင်။
အဟောင်း အသစ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ မဇ္ဈိမလမ်းကို သူမြန်းမ(မည်)တဲ့။
သူဟာ…… အတော်ဆုံးဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာထက် ဆထောင်သောင်းကွာတဲ့ ဆရာရဲ့စုတ်ချက်တွေအောက် လူလားမြောက်ခဲ့ပေါ့…။
သူဟာ……… ကျောင်းသားတွေရဲ့မျက်စိ၊ကျာင်းသားတွေရဲ့နား၊ ကျောင်းသားတွေရဲ့အားပါပဲလေ…။
သူဟာ… တက်,ရွက်အစုံ သူငါအကုန်နဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အသင့်ဖြစ်ခဲ့ပြီ…။
သူတို့မေတ္တာ သူတို့စေတနာ သူတို့အနစ်နာ သူတို့ပညာဖြင့် အမိမြေလည်းမြင့် ကမ္ဘာမြေလည်းတင့်ပါစေ….။

မှတ်ချက်။ ။ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၊ ၂၀၁၀-၁၁ ဘွဲ့နှင်းသဘင်အတွက် ဂုဏ်ပြုဖွဲ့ဆိုပါသည်။

အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)
Date 1st March 2011

Wednesday, February 2, 2011

သာသနာတော် အတွက်

မဟာဂန္ဓာရုံဆရာတော်
ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ခိုး ထပ်မညှိုးအောင် အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။

မဟာဂန္ဓာရုံဆရာတော်

Sunday, January 23, 2011

နွေဦး




နွေဦး၌
ဇမ္ဗူရာဇ် ရွှေစင်ရွှေသားများထက်
ဝင်းလက်သော ပိတောက်ပန်းတို့သည်၎င်း၊


မိုးဦး၌
ဘော်သာ ခွါကြူ ပုလဲဖြူထက်
ဆွတ်ဆွတ်ဖွေးသော စံပါယ်ပန်းတို့သည်၎င်း၊


ဆောင်းဦး၌
နှင်းပွင့် နှင်းခဲများထက်
စိမ့်မြလတ်ဆတ်သော သဇင်ပန်းတို့သည်၎င်း၊


ဤဗုဒ္ဓတက္ကသိုလ်၏ ပုရ၀ုဏ်အတွင်း၌
ဥတု သုံးပါးစလုံး
မွှေးပျံ့ထုံသင်းနေပေအံ့။


မောင်သင်းပန်

Monday, January 3, 2011

The Result of Wisdom



Mākatā pākatā ceva, sakkata vohāropi ca.
Etesu kovido pañño, dhīro pāļim visodhawe.
(Kavidappananīti- 41)
မာဂဓာ ပါကတာ စေ၀သက္ကတဝေါဟာရောပိ စ။
ဧတေသု ကောဝိဒေါ ပညောဓိရော ပါဠိံ ၀ိသောယေ။
(က၀ိဒပ္ပဏနီတိ၊ ဂါထာနံပါတ် ၄၁)


According to him only the wise one who is skillful in the 3 main Indian language, viz, Pali ( the language of Magadha) and Prākrits, together with Sanskrit, by studying them by means of the time-saving modern method of Philosophy or bhasa.veda) can be an expert in Pali, who can purify the original Pali words of their corrupt forms or deviations (in order to keep the Pali treatises in their pure original slate).

Facebook Twitter Delicious Digg Stumbleupon Favorites More