ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ကြိုဆိုပါ၏။

ဤတက္ကသိုလ်၏တည်နေရာသည် ရွှေညဝါဆရာတော်၏ သီတင်းသုံးရာ ရွှေညဝါပညာ့ဗိမာန် ကျောင်းပင်ဖြစ်၏။ တက္ကသိုလ်မတည်ထောင်ခင်က ဆရာတော်၏ ကျောင်းသည် စာသင်သားရဟန်း တော်၊ သာမဏေများနှင့် ကျောင်းသားအနည်းငယ်မျှသာရှိခဲ့၏။ နှစ်စဉ်နွေရာသီတွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ရွှေညဝါဆရာဖြစ်သင်တန်း ကြီး ဖွင့်လှစ်သည့် သင်တန်းများ၌မူ စာသင်သားသံဃာတော် တစ်ထောင်လောက်ပင်ရှိသည်။ ဆောက်လက်စ ကျောင်းဆောင်များလည်း မပြီးသေး။ ယခု စာချ နည်းပြကထိကဆရာတော်များ သီတင်းသုံးရာနေရာလည်းဖြစ်၊ ယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ်တို့၏ ပညာသင်ကြားရာ နေရာလည်းဖြစ်သည့် ရတနသိဒ္ဓိနှစ်ထပ်ဆောင် မှာလည်း မပြီးပြတ်သေးသဖြင့် ခိုငှက်ကလေးများနှင့် လင်းနို့ငှက်တို့၏ နားခိုရာဗုံဗိမာန်တစ်ခုပင်။

အဟောင်း… မကောင်းဘူးလို့ သူမဆို။ အသစ်… အပြစ်လို့လည်း သူမမြင်။အဟောင်း အသစ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ မဇ္ဈိမလမ်းကို သူမြန်းမ(မည်)တဲ့။သူဟာ…… အတော်ဆုံးဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာထက် ဆထောင်သောင်းကွာတဲ့ ဆရာရဲ့စုတ်ချက်တွေအောက် လူလားမြောက်ခဲ့ပေါ့…။သူဟာ……… ကျောင်းသားတွေရဲ့မျက်စိ၊ကျာင်းသားတွေရဲ့နား၊ ကျောင်းသားတွေရဲ့အားပါပဲလေ…။သူဟာ… တက်,ရွက်အစုံ သူငါအကုန်နဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အသင့်ဖြစ်ခဲ့ပြီ…။သူတို့မေတ္တာ သူတို့စေတနာ သူတို့အနစ်နာ သူတို့ပညာဖြင့် အမိမြေလည်းမြင့် ကမ္ဘာမြေလည်းတင့်ပါစေ….။
Showing posts with label ပါရမီတော်။. Show all posts
Showing posts with label ပါရမီတော်။. Show all posts

Tuesday, February 15, 2011

ပါရမီ-ဟူသည်


ပါရမီဟူသည် သံသရာတည်းဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်းသို့ ရောက်စေနိုင် သည့်ဒါန သီလ စသည့် ကုသိုလ်တရားများကို ခေါ်ဆိုခြင်းဖြစ်ပေသည်။ ဤစကားအရ သံသရာဝဋ် ဆင်းရဲ တည်းဟူသော ဤဘက်ကမ်းဖြစ်သည့် လူ၊ နတ်ချမ်းသာကို လိုချင်တောင့်တ၍ ပြုအပ်သော ဒါန၊ သီလစသော ကုသိုလ်တရားများ ကို ပါရမီ ဟု မခေါ်နိုင်ကြောင်းမှတ်ယူရာ၏။ ထိုပါရမီနှင့်ပါတ်သက်၍ ကျမ်းဂန် အဆိုနှစ်ရပ်ရှိ ၏။

(၁) စရိယပိဋက အဌကထာ အရ ဝေနေယျသတ္တ၀ါအပေါင်းကို သနားသော ကရုဏာနှင့် သဗ္ဗညုတ ညဏ်ကို ရခြင်း၏ အကြောင်း၌ တတ်သိလိမ္မာသော ညဏ်ပညာကို အခြေခံကာ ၊ ဘုရားအလောင်းတော်ကြိး များဖြည့် ကျင့်ဆည်းပူးအပ်သော ဒါန သီလ စသော ကုသိုလ်တရားများကိုသာ ပါရမီအစစ်ဖြစ်၏ဟု မှတ်ယူရာ၏။
(၂)ဇိနာလင်္ကာရဋီကာအရ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ ဟူသော ဗောဓိသုံးမျိုးအနက် တစ်ခုခု ကို ဆုတောင်း၍ မဂ်ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဖြည့်ကျင့် ဆည်းပူးအပ်သော ဒါန၊ သီလ စသည့် ကုသိုလ်တရားမှန်သမျှကို ပါရမီဟု ဆိုနိုင်ကြောင်း သာမညအားဖြင့် ဖွင့်ဆို ၏။

ထိုစကားနှစ်ရပ်တွင် ပထမစကားအရ၊ တဏှာ(ဘ၀ချမ်းသာကို တပ်မက်မှု)၊ မာန(ငါ၏ကုသိုလ်ဟု ထောင်လွှား မှု) ဒိဌိ(အတ္တ-အယူရှိမှု) တို့ဖြင့်လည်း မပြုအပ်သော ဗောဓိဆုသုံးမျိုးတွင် သမ္မသမ္ဗောဓိ ရရှိရေး အတွက် ဆုတောင်းပြီး မဟာကရုဏာနှင့် ဥပါယကောသလ္လညဏ်တို့ကို အခြေခံထားပြီး၊ ဘုရားအလောင်းတော် များ ဖြည့်ကျင့် ဆည်းပူးအပ်သော ဒါနမှု၊ သီလမှု စသည်များကိုသာ ပါရမီ အစစ်ဖြစ်သည်ဟု မှတ်ယူရာ၏။

မဟာကရုဏာ။ ။ သဗ္ဗညုဘုရားဆုပန်သော ဘုရားအလောင်းတော်ဖြစ်လိုသူ အမျိုးကောင်းသားသည် ရှိသမျှ ဝေနေယျ သတ္တ၀ါအားလုံးတို့အပေါ်၌ရင်မှဖြစ်သော သားသမီးရင်းများကဲ့သို့ ကြင်နာသနားခြင်း၊ ပြင်း ထန်စွာ ဖြစ်ပေါ်စေနိုင်ရသည်။ မိတ်ဆွေ၊ ရန်သူဟူ၍ မခွဲခြားဘဲ၊ ရှိသမျှ သတ္တ၀ါအပေါင်းကို “ရာဂမီး ၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး” ဟူသော မီးဆယ့်တစ်ပါး တို့ဖြင့် အမြဲမပြတ်တောက်လောင်ခံနေကြရသည့် သံသရာဒုက္ခိတ သတ္တ၀ါတွေ အဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်းပျင်းစွာဖြစ်ရာ၏။ ကိုယ့်အသက်ကိုပင်မငဲ့ကွက်ပဲ၊ သတ္တ၀ါတွေကို သံသရာဝဋ်ဆင်း ရဲမှ ကယ်တင်လိုသော ကရုဏာတရားကြီးစွာ ထားနိုင်ရာ၏။ ယင်းသို့သော ကရုဏာမျိုးကို ပါရမီတော်တို့၏ အခြေခံ မဟာကရုဏာဟု ခေါ်ဆိုသည်။ အလောင်းတော် သုမေဓာရှင်ရသေ့မှာ ဒီပင်္ကရာ ဘုရားရှင်၏ သာသနာ ၌ပင် အလိုရှိကကျွတ်တမ်းဝင်နိုင်သည့် အကြောင်းကံနှင့်ပြည့်စုံပြီးဖြစ်ပါသော်လည်း ဤမဟာကရုဏာ ဓါတ် ကိန်းဝပ်သူ ဖြစ်သဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် သံသရာဝဋ်ဆင်းရဲ၌ အဆင်းရဲ အပင်းပန်းခံ ကာ သတ္တ၀ါတို့ကို ကယ်တင်နိုင်ရန်အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ရသည်။ ထိုဘုရား အလောင်းေ တာ် ယောက်ျားမျိုးကို မဟာပုရိသ(ယောက်ျားမြတ်-အာဇာနည်) ဟုခေါ်၏။

ဥပါယကောသလ္လညဏ် ။ ။သမ္မာသမ္ဗောဓိ ဆုပန် ဘုရားအလောင်းတော်ဖြစ်လိုသော အမျိုးကောင်းသား သည် မိမိပြုအပ်သော ဒါနမှု ၊သီလမှုစသည်တို့အတွက် သဗ္ဗညုတညဏ်တည်းဟူသော အကျိုးတစ်ခုတည်းကို သာ ရဘို့ရန် ရည်သန်တောင့်တမှုပြုရသည်။ သံသရာဝဋ်ဆင်းရဲ၌ အကျုံးဝင်သည့် လူချမ်းသာ၊ နတ်ချမ်းသာတို့ ကို မတောင့်တရ၊ ထိုသို့ မိမိပြုအပ်သော ကောင်းမှုတို့အတွက် သဗ္ဗညုတညဏ်တစ်ခုတည်းကိုသာ ရဘို့ရန် ရည် သန် တောင့်တ ဆုတောင်းမှုပြုခြင်း၌ ကျွမ်းကျင်လိမ္မာသိမြင်သော ညဏ်ပညာကို ဥပါယကောသလ္လညဏ် ဟူ၍ ခေါ်ဆိုသည်။ ထိုညဏ်ကြောင့်ပင် ဘုရားဖြစ်အောင် ပြုကျင့်ခြင်း၌ လိုအပ်သော ဒါန စသည့် ပါရမီတော် ဆယ်ပါး တို့ကို ကိုယ်ပိုင်ညဏ်ဖြင့် သိမြင်ရသည်ချည်းဖြစ်သည်။

Facebook Twitter Delicious Digg Stumbleupon Favorites More