ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ကြိုဆိုပါ၏။

ဤတက္ကသိုလ်၏တည်နေရာသည် ရွှေညဝါဆရာတော်၏ သီတင်းသုံးရာ ရွှေညဝါပညာ့ဗိမာန် ကျောင်းပင်ဖြစ်၏။ တက္ကသိုလ်မတည်ထောင်ခင်က ဆရာတော်၏ ကျောင်းသည် စာသင်သားရဟန်း တော်၊ သာမဏေများနှင့် ကျောင်းသားအနည်းငယ်မျှသာရှိခဲ့၏။ နှစ်စဉ်နွေရာသီတွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ရွှေညဝါဆရာဖြစ်သင်တန်း ကြီး ဖွင့်လှစ်သည့် သင်တန်းများ၌မူ စာသင်သားသံဃာတော် တစ်ထောင်လောက်ပင်ရှိသည်။ ဆောက်လက်စ ကျောင်းဆောင်များလည်း မပြီးသေး။ ယခု စာချ နည်းပြကထိကဆရာတော်များ သီတင်းသုံးရာနေရာလည်းဖြစ်၊ ယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ်တို့၏ ပညာသင်ကြားရာ နေရာလည်းဖြစ်သည့် ရတနသိဒ္ဓိနှစ်ထပ်ဆောင် မှာလည်း မပြီးပြတ်သေးသဖြင့် ခိုငှက်ကလေးများနှင့် လင်းနို့ငှက်တို့၏ နားခိုရာဗုံဗိမာန်တစ်ခုပင်။

အဟောင်း… မကောင်းဘူးလို့ သူမဆို။ အသစ်… အပြစ်လို့လည်း သူမမြင်။အဟောင်း အသစ်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ မဇ္ဈိမလမ်းကို သူမြန်းမ(မည်)တဲ့။သူဟာ…… အတော်ဆုံးဆိုတဲ့ ကမ္ဘာကျော် ပန်းချီဆရာထက် ဆထောင်သောင်းကွာတဲ့ ဆရာရဲ့စုတ်ချက်တွေအောက် လူလားမြောက်ခဲ့ပေါ့…။သူဟာ……… ကျောင်းသားတွေရဲ့မျက်စိ၊ကျာင်းသားတွေရဲ့နား၊ ကျောင်းသားတွေရဲ့အားပါပဲလေ…။သူဟာ… တက်,ရွက်အစုံ သူငါအကုန်နဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အသင့်ဖြစ်ခဲ့ပြီ…။သူတို့မေတ္တာ သူတို့စေတနာ သူတို့အနစ်နာ သူတို့ပညာဖြင့် အမိမြေလည်းမြင့် ကမ္ဘာမြေလည်းတင့်ပါစေ….။
Showing posts with label biography. Show all posts
Showing posts with label biography. Show all posts

Sunday, January 30, 2011

ဆရာကြီးဦးမြင့်ဆွေ

မန္တလေး-ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်

အတ္ထုပ္ပတ္တိအကျဉ်း

ဆရာကြီးဦးမြင့်ဆွေသည် ၁၉၃၄-ခုနှစ်တွင် တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းရွာ၌ ဦးအုန်းရွှေ+ ဒေါ်စောအေးတို့ မှ မွေးဖွားခဲ့၏။

အသက် ၁၉-၂၀ နှစ် (၂၉၅၃-၄) ၌ ဓမ္မာစရိယစာချတန်းတွင် ကျမ်းရင်းနှင့် ဂုဏ်ထူးကျမ်းပေါင်း ၉ ကျမ်းစလုံး ကို အောင်မြင်၍ သီရိပ၀ရဓမ္မာစရိယ ဘွဲ့ကိုရရှိခဲ့၏။ အသက် ၂၇နှစ် (၁၉၆၀-ခု)၌အစိုးရပညာတော်သင်အဖြစ် လန်ဒန်တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားခွင့်ရရှိ၍ မဟာဝိဇ္ဇာ-ဘာသန္တဆေက (M.A. Indo-Aryan)ကို ရရှိခဲ့၏။ မန္တလေးတက္ကသိုလ် ပါဠိဌာန၌ ၁၉၆၀-ခုနှစ်အထိ ၃၅နှစ်တိုင်) အမှုထမ်းခဲ့ပြီး၍ တွဲဖက်ပါမောက္ခ အဖြစ်ဖြင့်သက်ပြည့်ပင်စင်အငြိမ်းစား ယူခဲ့ပါသည်။ဆ၇ာကြီးဦးမြင့်ဆွေသည် မန္တလေးတက္ကသိုလ်တွင် အမှုထမ်း ခဲ့စဉ် အတွင်း အသုံးလုံးသင်တန်းကို မိမိ၏ မြန်မာစာသင်နည်းစံနစ်ဖြင့်ကြီးကြပ်သင်ကြားပေားခြင်း စသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ၊ သုသေတနစာတန်းများ တင်သွင်းဖတ်ကြားခြင်း၊ ဌာနဆိုင် ရာ မဟာဝိဇ္ဇာကျမ်းများကို ကြီးကြပ်ခြင်းနှင့်တကွ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ- လန်ဒန် )ကလောင်အမည်ဖြင့် ဘာ သာရေး ပညာပေး ကျမ်းစာများကို ရေးသားလာခဲ့ရာ ယခုအခါ ကျမ်းပေါင်း ၅၀ ကျမ်းကို ရေးသားခဲ့ပြီးဖြစ်၏။
ထို့ပြင် ၁၉၆၉-၇၀ ခုနှစ် နွေရာသီကာလများ၌ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးလှမောင် ၏ ပညာရေးစီမံချက် အရ အဘိဓာန်ကျမ်းပြပါဠိပညာရှင် အရာရှိ ၄ဦးတို့အား သက္ကတ - ဘာသာဗေဒ ပညာရပ် များကို သင်ကြားပေးခဲ့ရာ ၃ ဦးမှာအိန္ဒိယနိုင်ငံသို့သွားရောက်ပညာ သင်ခွင့်ရ၍M.A ဘွဲ့များကို ရရှိခဲ့ ကြပါသည်။ ဆ၇ာကြီးဦးမြင့်ဆွေသည် ၁၉၈၆ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေးမြို့)၌စတင်ဖွင့်လှစ်သည်မှာ ယခုအထိအဆက်မပြတ်ဘဲ ၂၀ နှစ်တိုင်တိုင် ပါဠိဌာနတွင် တွဲဖက် ဌာနမှူး အဖြစ်ဖြင့် ပါဠိ၊ သက္ကတ၊ ပြာကတဘာသာဗေဒ ပညာရပ်များကိ (၇) တန်းစလုံးတွင် သင်ကြားပို့ချပေးခဲ့ သည့် အပြင်မဟာဓမ္မစရိယ (M.A) ဘွဲ့အတွက် ပြရမည့် ကျမ်းများကိုလည်း တာဝန်ယူကြီးကြပ်ပေးခဲ့ရာ ကျမ်း ပေါင်း (၁၉) ကျမ်းကို ကြီးကြပ်ပေးခဲ့ပြီးဖြစ်၏။
ထို့ပြင် (မန္တလေးတက္ကသိုလ်မှ အငြိမ်းစားယူသည့်) ၁၉၉၄- ခုနှစ်မှစ၍ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်၌ အကြံပေးပညာရှင်အဖြစ်လည်းကောင်း သာသနာ့တက္ကသိုလ်များဆိုင်ရာ ဗဟိုပညာရေး၊ အဖွဲ့ဝင်ဗဟို အုပ်ချုပ်ေ ရးအဖွဲ့ဝင် အဖြစ်ဖြင့်လည်းကောင်းသာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ဆ၇ာကြီး ဦးမြင့်ဆွေ သည်ဗုဒ္ဓ စာပေပရိယတ္တိသင်ကြားရာ၌ ခေတ်မီနည်းစံနစ်နှင့်တကွ ပြဌာန်းသင်ကြားသင့်သည့် ဘာသာရပ် အား လုံးကို ဘက်စုံကျွမ်းကျင်အောင်နှစ်ပေါင်းများစွာ ကြိုတင်လေ့လာခဲ့သည်ဖြစ်ရာကား၁၉၉၄ခုနှစ် ၌မန္တလေး တက္ကသိုလ်မှ အငြိမ်းစားယူပြီးသောအခါ (ဦးရေ နှင့် အသက်၊ကန့်သတ်၍ လက်ခံသည့် သာသနာ့ တက္ကသိုလ် ကြီး ၂ ခု၌ တက် ရောက်သင်ကြားခွင့် မရရှိသည့်ပထမတန်းကြီးအောင် သံဃာတော်များအတွက် တက္ကသိုလ် ပညာသင် ကြားခွင့် မဆုံးရှုံးစေရန် အလို့ငှာမန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်ကိုတည်ထောင်၍ဒီပလိုမာ ၂နှစ် B.A ၂နှစ် M.A ၃နှစ်ပေါင်း (ရ)နှစ် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
ထို့ပြင် ယင်းဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရသံဃာတော်များဖြင့် ရဟန်းရှင်၊လူ၊မည်သူမဆို တက်ရောက်သင်ယူနိုင်သည့် ၁ နှစ်သင် ပါဠိ၊ အဘိဓမ္မာ၊ဗုဒ္ဓဘာသာ(၃) ဘာသာ အခြေခံ ဒီပလိုမာ သာသနာပြုသင်တန်းများကို ၁၉၉၉ ခုနှစ်မှ စ၍မန္တလေးမြို့တွင် ၅ ဌာန ပြန်၍ ဖွင့်လှစ်သင်ကြားပေးသည့်အပြင် ယင်းသင်တန်းအောင်သူများအတွက် ၄ နှစ်သင် ၀ိဇ္ဇာ (ဗုဒ္ဓသာသနာပြု)ဘွဲ့ B.A (Buddhist Missionary) ဘွဲ့ သင်တန်းများကိုလည်း ဖွင့်လှစ် သင် ကြား ပေးလျှက်ရှိသည်။ထို့ပြင် နွေရာသီ (တန်ခူး - ကဆုန်) တစ်လ သင်တန်းများကို လက်လှမ်းမှီရာမြို့များ၌ ဖွင့်လှစ် ၍ ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ နှစ်ဘာသာကို ၂၀၀၃ခုနှစ်မှစ၍သံဃာတော်များဖြင့် သင်ကြားပေးလျှက်ရှိပါ သည်။ မန္တလေးမြို့ ဗုဒ္ဓ တက္ကသိုလ်၏ ဌာနခွဲအဖြစ် ရန်ကုန်မြို့၊နိုင်ငံတော်သာဓုပရိယတ္တိစာသင်တိုက်၌ ယခုနှစ် (၂၁-၆- ၂၀၀၄) မှစ၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ဤသို့လျှင် ဆရာကြီးဦးမြင့်ဆွေသည် အမျိုးဘာသာ သာသနာ အကျိုးပြု လုပ်ငန်းများကို ဘာသာသာသနာစိတ်အပြည့်ဖြင့် မနေမနားကြိုးစားလုပ်ကိုင် လျှက်ရှိပါ သည်။


(မှတ်ချက်။ ဆရာကြီး၏ ရေးသားခဲ့ပြီးသော ကျမ်းစာများမှ ကောက်နုတ်ချက်များကို နောက်ပိုင်းတွင် ဆောင်းပါး အဖြစ်တင်ပြပါမည်................။)

Sunday, January 23, 2011

ဗန်းမော်ဆရာတော်

ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)
ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်
ဘ၀ဖြစ်စဉ်အကျဉ်း

၁။ ဘွဲ့တော် ဘဒ္ဒန္တကုမာရာဘိဝံသ

၂။ သက်တော်၊ သိက္ခာ ၈၁-နှစ်၊၆၁-၀ါ

၃။ မွေးသက္ကရာဇ် ၁၂၉၁- ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊
တနင်္လာနေ့၊ ၁၉၂၉-ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်

၎။ သီတင်းသုံးရာဌာန (၁)ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့

(၂)ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်

အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနပြု

တက္ကသိုလ်၊သာသနာရေးဝန်ကြီးဌာန၊

ဓမ္မပါလကုန်းမြေ၊စွယ်တော်မြတ်စေတီအနီး၊

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

၅။ ဇာတိရပ်ရွာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊
ရဘဲကျေးရွာ။

ခမည်းတော်၊ မယ်တော် ဦးဖိုးသစ်၊ဒေါ်အေးသိုက်

၆။ ရှင်သာမဏေပြုခြင်း

ဂျပန်ခေတ၊်ရွာသစ်ရွာအထက်တန်းကျောင်းမှ အဌမတန်း အောင်မြင်ပြီးနောက် ရှင်သာမဏေဘောင်ဝင်ရောက်ခဲ့ပါသည်။

၇။ ရဟန်းပြုခြင်း ၁၃၁၀-ခုနှစ်၊တပို့တွဲလတွင် မြင့်မြတ်သော ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။

၈။ ပညာသင်ကြားခြင်း

ငယ်စဉ်က ဆင်မင်းရွာ မူလတန်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။

ဂျပန်ခေတ်တွင်ရွာသစ်ရွာအထက်တန်းကျောင်းမှ အဌမတန်း အောင်မြင်ခဲ့ပါသည်။

ထို့နောက်ရှင်သာမဏေပြု၍လောကုတ္တရာစာပေများကို သင်ယူခဲ့ရာ သဒ္ဒါကြီး

သဂြိုလ်ကျမ်းများကို အာဂုံဆောင်သည်အထိ ရရှိခဲ့ပါသည်။ပဌမငယ်တန်း၊

ပဌမလတ်တန်းနှင့် ပဌမကြီးတန်းပညာများကိုပါသင်ယူခဲ့ပါသည်။ ထို့နောက်

မန္တလေးမြို့ဘုရားကြီးတိုက်နယားကျောင်းသို့ ရွှေ့ပြောင်းပြီးမြန်မာနိုင်ငံတွင်

အခက်ဆုံးစာမေးပွဲဖြစ်သောပရိယတ္တိသာသနာဟိတသကျသီဟစာမေးပွဲအတွက်

စာဝါများသင်ယူခဲ့ပါသည်။ သကျသီဟစာသင်တန်း၌ အမှတ်အများဆုံးနံပါတ်တစ်မှ

အောင်မြင်ခဲ့ပါသည်။ သကျသီဟစာချတန်း၌ အဋ္ဌကထာ ကျမ်းကြီး ၃-ကျမ်းကို

နှစ်မခြားဘဲ တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သဖြင့်"၀ဋံသကာ""ဟူသော ဂုဏ်ထူးဖြင့်

ရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရသည်။ အဋ္ဌကထာကျမ်း(၉) ကျမ်းကိုတစ်နှစ်တည်းဖြင့် ပါဠိလိုအောင်မြင်သဖြင့်

မြန်မာတစ်နိုင်ငံလုံး၌ ပါဠိဘာသာဖြင့် -သိရောမဏိ-ဘွဲ့ရရှိသည်မှာ ဆရာတော်တစ်ပါးသာ ရှိပါသည်။ ၁၃၁၅ -ခုနှစ်၌သကျသီဟပရိယတ္တိသာသနာဟိတ ဓမ္မာစရိယ ၀ဋံသကာဘွဲ့နှင့် အစိုးရစာချတန်း

သာသနာဓဇသီရိပ၀ရဓမ္မာစရိယပါဠိသိရောမဏိဘွဲ့များကိုရရှိခဲ့ပါသည်။လောကုတ္တရာစာမေးပွဲများ ပြီးဆုံးပြီးနောက်လောကီ အတန်းစာများကိုဆက်လက်လေ့လာရာမန္တလေးတက္ကသိုလ်မှဝိဇ္ဇာဘွဲ့(B.A)ကိုရရှိခဲ့ပါသည်။မန္တလေးဘုရားကြီးတိုက်ပုသိမ်ကျောင်းဆရာတော်ဘုရားထံ သက္ကတသဒ္ဒါကျမ်းကို၃-နှစ်ခန့်အပြီးသင်ယူခဲ့ပါသည်။ထို့နောက်ဗြာကရဏဘာသာနှင့်အဒ္ဓမာဂဓီဘာသာတို့ကိုအဘယာရာမဆရာတော် ဦးသီလာနန္ဒ၏ အကူအညီဖြင့် လေ့လာသင်ယူခဲ့ပါသည်။

၉။ အောင်မြင်ခဲ့သောစာမေးပွဲများ

(၁) ပဌမငယ်တန်း(၁၃၀၈-ခုနှစ်)ေ

(၂) ပဌမလတ်တန်း(၁၃၀၈-ခုနှစ်)

(၃) ပဌမကြီးတန်း(၁၃၁၃-ခုနှစ်)

(၄) သကျသီဟစာသင်တန်း(၁၃၁၄-ခုနှစ်)

(၅) သကျသီဟ-၀ဋံသကာဘွဲ့(၁၃၁၅-ခုနှစ်)

(၆) သီရိပ၀ရ-ပါဠိသိရောမဏိဘွဲ့(၁၃၁၅-ခုနှစ်)

(၇) မန္တလေးတက္ကသိုလ်မှ B.Aဘွဲ့တို့ရရှိခဲ့ပါသည်။

သာသနာရေးနှင့် ပညာရေးဆောင်ရွက်ချက်များ...

(က) မန္တလေးမြို့ ဘုရားကြီးတိုက် နယားကျောင်းမှနေ၍ ပါဠိတက္ကသိုလ်

စာဝါများ ပို့ချပေးခဲ့ပါသည်။

(ခ) အခြေပြု ဓမ္မာစရိယအဖွဲဝင်အနေဖြင့် ငယ်-လတ်-ကြီး စာဝါများကို

အားကြိုးမာန်တက်ပို့ချ ဆောင်ရွက်ပေးခြင်း။

(ဂ) မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ကြီးကို ဦးစီး၍

စာလိုက်သံဃာများအား အုပ်ချုပ်လျှက် စာပေများ

နေ့ဝါည၀ါပို့ချပေးခြင်း။

(ဃ) ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ခေတ်က မူလတန်း

ကလေးသူငယ် မရှိဆင်းရဲသားသမီးတို့ကို အခမဲ့ပညာသင်ပေးခြင်း။

(င) ဆဋ္ဌသင်္ဂါယနာခေတ် ၁၃၁၈-ခုနှစ်မှ ၁၃၂၅-ခုနှစ်ထိ (၅)နှစ်တိုင်တိုင်

ဆဋ္ဌသင်္ဂါယနာ စာမူများကောင်းမွန်ရေးအတွက် သြသာန ပတ္ထပါဌက

သြသာန သောဓေယျကပုဂ္ဂိုလ် အနေဖြင့် စာမူများကို သုတ်သင်ပြင်ဆင်ပေးခဲ့ခြင်း။

(စ) နိုင်ငံတော်အစိုးရ၏ လျောက်ထားချက်အရ တိပိဋကပါဠိပဒ ကျမ်းညွန်း

အဘိဓါန်ကျမ်းတို့ကို ပြုစုရေးသားပေးခြင်း။

(ဆ) သာသနာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် မန္တလေးတိုင်း ကျောင်းထိုင်

ဘုန်းတော်ကြီးသင်တန်းကျောင်း နာယကအဖွဲ့ဝင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခြင်း။

(ဇ) တိပိဋကနိကာယ သာသနာပြုအဖွဲ့ ဥက္ကဋ္ဌမင်းကွန်းဆရာတော်ကြီး၏

ကိစ္စများကိုလည်း (၅)နှစ်တိုင်တိုင် ကူညီပေးခဲ့ခြင်း။

(ဈ) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးရေးကို ဂိုဏ်းပေါင်းစုံသံဃာ့

အဖွဲ့ကြီးစတင်ဖွဲ့စည်းရန် ဦးသျှောင် ဆရာတော်များအဖွဲ့တွင်

လည်းကောင်း၊ တစ်နိုင်ငံလုံးတွင် ၆၆-ပါးသော ဗဟိုဝန်ဆောင်အဖွဲ့

တွင်လည်းကောင်း၊အဖွဲ့ဝင်တစ်ပါးအနေဖြင့် လိုက်လံစည်းရုံး ဟောပြောပေးခြင်း။

(ည) ၀ိနည်းဓမ္မကံ မှူခင်းဆိုင်ရာ ဥပဒေရေးဆွဲရာ၌ ဆရာတော်သည်

အတွင်းရေးမှူးအနေဖြင့် ပြီးမြောက်အောင်မြင်သည်အထိ ဆောင်ရွက်ပေးခြင်း။

(ဋ) ယခုအထိနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တစ်ပါးအနေဖြင့်သာသနာ

ရေးကိစ္စများကို ဆောင်ရွက်ပေးနေခြင်း။

(ဌ) ဓမ္မနီတိမိတ္တ၀ါဒများနှင့်စမ်းကလေးဝါဒကိုလည်းသီးခြားဝိနည်းဓိုရ်

အနေဖြင့် နိုင်ငံတော်အစိုးရ၏ တောင်းပန်ချက်ဖြင့် ဆုံးဖြတ်ပေးခဲ့ခြင်း။

(ဍ) နိုင်ငံတော်အရပ်ရပ်မှ မပြီးမပြတ်ဘဲ ရှိနေသည့် မှုခင်းများကိုလည်း

နိုင်ငံတော်ဝိနည်းဓိုရ် အနေဖြင့် ဆုံးဖြတ်ပေးခြင်း။

၁၁။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များနှင့် အခြားဘွဲ့တံဆိပ်များ အလှူခံရရှိခြင်း။

(က) အဂ္ဂမဟာဂန္ထ၀ါစက၊ ပဏ္ဍိတဘွဲ့တံဆိပ်တော် (၁၉၉၂- ခုနှစ်)

(ခ) အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (၁၉၉၉-ခုနှစ်)

(ဂ)PhD-(ဒီလစ်) ဒေါတ်တာဘွဲ့တံဆိပ်တော်

၁၂။ ဒုတိယပါမောက္ခချုပ် (သင်ကြား) အဖြစ်တာဝန်ထမ်းရွက်တော်မူခြင်း၊

၁၉၉၀-ခုနှစ်၊ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်သော အပြည်ပြည်ဆိုင်ရာ

ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)

ဆရာတော်၏ တာဝန်များကိုထမ်းဆောင်တော်မူလျက်ရှိခြင်း။

၁၃။ ပြည်ပခရီးစဉ်မှတ်တမ်းအကျဉ်းချုပ်...

၁၉၉၄-ခုနှစ် စင်္ကာပူနိုင်ငံ ဆရာတော် ဦးပညာဝံသ၏လျှောက်ထားချက်

အရ ဥပါရိပါသာဝ သိမ်သမုတ်ပွဲကို ပဓာနနေရာမှပါဝင်ဆောင်ရွက်ပေးပါသည်။

၁၉၉၆-ခုနှစ်၊မစ္စတာဂိုဆင်ကာ၏ပင့်လျှောက်ချက်အရ အိန္ဒိယနိုင်ငံဘုံဘေမြို့ဝန်း

ရွှေတိဂုံစေတီနှင့် ဥာဏ်တော်တူ စေတီကြီး အုတ်မြစ်ချပွဲသို့၎င်း၊ဤူုဃဂ်ပူရီမြို့၌

ဝိပဿနာတရားစခန်း စုပေါင်းကျင်းပပွဲသို့၎င်း ပါဝင်၍ ဿသာနာရေး အားပေးခဲ့ပါသည်။

၁၄။ ပြုမူထုတ်ဝေပြီးသောကျမ်းစာအုပ်များ မြန်မာဘာသာဖြင့်ပြုစုသောကျမ်းစာအုပ်များ..

၁။ သိမ်တောင်သာသနာဝင်ကျမ်း (ရိုက်ပြီး)

၂။ နိုင်ငံတော်အစိုးရ၏ လျှောက်ထားချက်အရ ပြုစုသောတိပိဍကပါဌိပဒ

ကျမ်းညွှန်း (၄ အုပ်ရိုက်ပြီး)

၃။ ထေရီအပဒါန ဒီပနီ (ပါဌိဘာသာဖြင့် ပြုစုသည်။) (ရိုက်ပြီး)

၎။ တိပိဋက ပါဌိ-မြန်မာအဘိဓာန်အ-၀ဂ် ၄အုပ် (ရိုက်ဆဲ)

၅။ မောဂ္ဂလာန်သဒ္ဒါကျမ်းကို၊ အဖွင့်ပယောဂသိဒ္ဓိ နိဿယကျမ်းပ-ဒု၂အုပ်

(ရိုက်ပြီး)

၆။ မဟာစည်ဆရာတော်၏၀ိပဿနာနည်းကျမ်းကိုပါဌိဘာသာပြန်ဆိုသည်။

၇။ မန္တလေး ရတနာမဉ္ဇူဘုရားသမိုင်း (ရိုက်ပြီး)

၈။ တိပိဋကရေပါရာဇီကတ်ပုစ္ဆာဝိဿဇ္ဇနာကျမ်း (၂၈-နှစ်စာ) (ရိုက်ပြီး)

၉။ တိပိဋကရေ ပါစိတ် ပုစ္ဆာဝိဿဉ္ဇနာကျမ်း (၂၈-နှစ်စာ) (ရိုက်ပြီး)

၁၀။တိပိဋကရေ -မဟာဝါ၊စူဌ၀ါ၊ပရိဝါ (၂၈-နှစ်စာ၊ပုစ္ဆာဝိဿဇ္ဇနာကျမ်း)

အင်္ဂလိပ်ဘာသာဖြင့်ပြုစုသောကျမ်းစာအုပ်များ

၁။ အောက်ယမိုက်ပါဌိတော် ၅ ကျမ်း (အင်္ဂလိပ်ဘာသာ) (ရိုက်ပြီး)

(ဘဒ္ဒန္တနာရဒ နှင့် ဘဒ္ဒန္တကုမာရာဘိဝံသ)

၂။ အထက်ယမိုက်ပါဌိတော် ၅ ကျမ်း (အင်္ဂလိပ်ဘာသာ) (ရိုက်ဆဲ)

ယခုအခါ ဆရာတော်ဘုရားသည် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်အဓိပဓိ၊အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌဆရာတော်တာဝန် စသည်တို့ကို ထမ်းဆောင်ရင်း သာသနာပြုလျက်ရှိပါသည်။


Facebook Twitter Delicious Digg Stumbleupon Favorites More