နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ န၀မမြှောက် ဗန်းမော်ဆရာတော် |
(ဗန်းမော်ဆရာတော်ကြီး 6Dec2010)
၁) ဓမ္မဆိုတာ တရား၊ တရား ဆိုတာ ဘုရားဟောတဲ့ တရား ပေါ့ (နော်)၊ ဒီအပြင် တရား ဆိုလိုတာ မဟုတ်ဘူး၊ မြတ်စွာဘုရားဟောတဲ့တရား၊
မြတ်စွာဘုရားဟောတဲ့တရား ဟုတ် မဟုတ်ဆိုတာ ပါဠိတော် အုပ်ရေ ၄၀ နဲ့ တိုက်ကြည့်တာပေါ့ (နော်)။
ပါဠိတော် အုပ်ရေ ၄၀ ထဲမယ် ပါတယ်ဆိုရင် ဒါ..ဓမ္မတရား၊
ပါဠိတော် အုပ်ရေ ၄၀ ထဲ မပါတာတွေ လျှောက်ဟောတယ်ဆိုရင် အဲဒါ အဓမ္မ၊ ဘုရားဟော မဟုတ်ဘူး၊
၂) သာသနာ တည်တံ့ပြန့် ပွားအောင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟု (၃)ခုရှိသည့်အနက် တည်တံ့ပြန့် ပွားအောင် ကတော့ ပရိယတ္တိက လိုရင်းတဲ့၊
စာပေပရိယတ္တိကို ခု စာကြည့်တိုက်ထဲမယ်ဆိုရင်လည်းပဲ ပိဋကသုံးပုံတွေ ထားကြပါ နော်၊
အဲဒီ သာသနာတော်ပြန့်ပွားအောင်က စာပေတွေ ကွယ်မသွားအောင် ကြိုးစားဖို့။
တချို့က ဖတ်ပေါ့၊ တချို့က ကြည့်ပေါ့၊ တချို့ကကြတော့ မေးမြန်းပေါ့၊ အဲသလိုဆိုလို့ရှိရင် စာပေတွေ၊ သာသနာတော်တွေ မကွယ် မပဘူးပေါ့။ တဖြည်းဖြည်း တိုးတက်လာနိုင်ပါတယ်။
ပိဋကသုံးပုံစာအုပ်တွေကို စာကြည့်တိုက်ထဲမယ် ထားကြပါ။ ပိဋကသုံးပုံ မြန်မာပြန်တွေလဲ ကုသိုလ်ကောင်းမှုပြုကြပါ..
2 comments:
တင့်ပါ အတက်နိုင်ဆုံး ကြိုးစားပါမယ်ဘုရား....
နောက်နောင်များမှာလဲ မကြာမကြာ ယခုကဲ့သို့ သြဝါဒများကို ပေးသနားတော်မူပါအုံးအရှင်ဘုရား။
တင့်ပါဘုရား...
အတက်နိုင်ဆုံးကြိုးစားပါမယ်။
Post a Comment