Tuesday, January 11, 2011

တက္ကသိုလ် ဟူသည်မှာ...

တက္ကသိုလ် ဖြစ်ပျက်စဉ်သမိုင်း
ဗုဒ္ဓတက္ကသိုလ် သြ၀ါဒါစရိယ တောင်စလင်းဆရာတော်
ဘဒ္ဒန္တ တိက္ခ မဟာထေရ်
သြ၀ါဒ

ဆရာကြီး ဦးမြင့်ဆွေရေးသားသည့် “ငရဲပြည်နှင့် နတ်ပြည် စာအုပ်နိဂုံးပိုင်း” ၌ ၁၉၉၄၊ ဒီဇင်ဘာလ၌ မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိအကျော်အမော် ဆရာတော်ကြီး (၁၀) ပါး၏သြ၀ါဒကိုခံယူလျှက် (၁) ဗန်းမော်ဆရာ တော် ဘဒ္ဒန္တ ကုမာရာဘ၀ံသ(နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) က အဓိပတိ ဥက္ကဌဆရာတော် အဖြစ်၎င်း (၂) မြတောင်ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသ(အဘိဓဇ မဟာရဌဂုရု၊ မန္တလေးတိုင်း သံဃနာယက ဥက္ကဌ)က တက္ကသိုလ်၏ ဒုတိယ ဥက္ကဌအဖြစ်၎င်း၊ (၃) ဦးမြင့်ဆွေ(သီရိပ၀ရ ဓမ္မာစရိယ၊ ၀ိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ၊ လန်ဒန်၊ မဟာ သဒ္ဓမ္မဇောတိကဓဇ၊ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်၏ တွဲဘက်ဌာနမှူးနှင့် အကြံပေးပညာရှင်) က ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူ၍ ပြည်တွင်းပြည်ပ သာသနာပြုရဟန်းတော်များ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်၍ ဤဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။


ဗုဒ္ဓတက္ကသိုလ်၏ ရည်ရွယ်ချက်
ဤတက္ကသိုလ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင်မှ စ၍ ကမ္ဘာ့အခြေနေ သည် တစ်ခေတ်ပြီး တစ်ခေတ်၊ တနှစ်ပြီးတစ်နှစ် လျှင်မြန်စွာ ပြောင်းလည်းလာခဲ့ရာ၊ ကမ္ဘာ့ အနောက်ခြမ်းမှ “လူမျိုးခြား၊ ဘာသာခြားတို့သည် ” ငွေနှင့်အာဏာကို အသုံးပြုလျှက် အရှေ့ဘက်ခြမ်းသို့ စီးပွါရေး၊ ဘာသာရေး၊ နိုင်ငံရေးတို့ကို အနုနည်း၊ အကြမ်းနည်းတို့ဖြင့် တစ်စတစ်စ တို့ချဲ့လာနေ၍ ဗုဒ္ဓသာသနာတော်မှာ ဘေးအန္တရာယ် အမျိုးနှင့် တွေ့ကြုံရပြီး တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့၇ပေသည်။ ဤအခြေနေမျိုးစုံကို မျှော်မြင်ညဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ နောင်ပြောင်းလည်းဖြစ်ပေါ်လာမည့် အခြေနေတွေကို ရင်ဆိုင်နိုင်ဘို့ သတိ၊ ပညာဖြင့် မျှော်ကြည့်ပြီးလျှင် အမျိုး၊ ဘသာ၊ သာသနာအတွက် ဆရာ၊ ဒကာလက်တွဲပြီး စုပေါင်းလုပ်ဆောင်သွားကြရပေ မည်ဟု ပြဆိုထားပေသည်။
ဆရာကြီး၏ ယူဆချက်အတနိုင်း ယခုမြန်မာနိုင်ငံ၍ လူမျိုးခြား၊ ဘာသာခြားတို့သည် သူတို့ဘာသာဝင် အများစု ဖြစ်လာစေရန် ကြိုးစားအားထုတ်နေကြပေသည်။ ဗုဒ္ဓဘသာဝင်များအနေဖြင့် ကိုယ့်စည်းရိုးကို လုံခြုံစွာ ကာကွယ်နိုင်ရေးအတွက် သာသနာပြုပုဂ္ဂိုလ်များ လိုအပ်လျှက်ရှိနေပေသည်။ ထို့ကြောင့် ဆရာကြီးက ဗုဒ္ဓတက္က သိုလ်ကို ဦးစီး၍တည်ထောင်ခြင်းဖြစ်ပေသည်။ တက္ကသိုလ်ဆိုသည်နှင့် ပါတ်သက်၍ သမိုင်းပြဆိုချက် များကို ဖော်ထုတ်ပြသင့်ပေသည်။

တက္ကသိုလ် အစဘယ်အရပ်က
ဇာတ်အဌကထာများ၌ “ဂန္ဓရ.ရဌေ တက္ကသီလာယံ” ဂန္ဓာရတိုင်း တက္ကသိုလ်မြို့ဟု ဆိုထား၏။ ယင်းကို ထောက်ဆကာ တက္ကသိုလ်ပြည်တည်ရှိရာ အရပ်သည် ဂန္ဓာရတိုင်းဖြစ်ခဲ့၏။ ယင်းတက္ကသိုလ်မြို့သည် အိန္ဒိယနိုင် ငံအနောက်မြောက်နယ်စပ် ပြည်နယ်အတွင်းရှိ “ရာဝါပင်ဒီ”မြို့မှ မိုင်နှစ်ဆယ်ခန့်ကွာဝေးသည့် အရပ်မှာ တည်ရှိ ၏။ အဆိုပါတက္ကသိုလ်မြို့၌ မီးရထားဘူတာရုံတစ်ခုတည်ရှိ၏။ ဒေလီမြို့ တက္ကသိုလ်မြို့သို့ မိုင်ပေါင်း ၄၉၇ မိုင် ကွာဝေး၏။ အနောက်မြောက်မီးရထားကုမ္ပဏီတစ်ခုက သယ်ယူပို့ဆောင်ပေးလျှက်ရှိ၏။ အဆိုပါတက္ကသိုလ်မြို့ သည် ဗုဒ္ဓဘသာဝင်တို့အဖို့ရာ “ဗာရာဏသီ”စသည်ကဲ့သို့ မြင့်မြတ်အရေးပါသော နေရာမဟုတ်သော်လည်း ရှေးပဝေသဏီကာလမှက ကြီးကျယ်သည့် ပညာသင်ကြားရာဗဟိုဌာနအဖြစ်ဖြင့် ဗုဒ္ဓ ဘသာဝင်များသဏ္ဍာန်၌ ပြိုင်ဘက်ကင်းသည့် ဌာနအဖြစ် အသိများခဲ့၏။
ထိုခေတ်စာသင်သားတို့သည် တက္ကသိုလ်မြို့၌ ပညာသင်ကြားရန် အာသာဆန္ဒပြင်းပြခဲ့ကြ၏။ ဗုဒ္ဓဘသာစာ ပေများ၌ တက္ကသိုလ်မြို့မှ ပညာသင်ကြားကာ တတ်မြောက်လာခဲ့ကြသည့် ရှင်ဘုရင်များ၊ အိမ်ရှေ့မင်းနှင့် လူကြီးလူကောင်းများကို ဇာတ်အဌကထာများ၌ အမြောက်အများတွေ့ကြရ၏။ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က “ကောသလမင်း၊ ဆေးဆရာဇီဝက၊ အင်္ဂုလိမာလ၊ ဗန္ဓုလ စစ်သူကြီး၊ အနာထပိဏ်သူဌေး စသည်တို့သည် တက္ကသိုလ်ကျောင်းထွက်များဖြစ်ကြသည်။

အကြီးကျယ်ဆုံးသော ပညာသင်ကြားရာဌာန
ငြိမ်းချမ်းစွာကူးသန်းရောင်းဝယ်လိုသော ကုန်သည်များနှင့် ၀င်ရောက်တိုက်ခိုက်လိုသော စစ်တပ်များ၏ ဖြတ် သန်းသွားလာရာ တံခါးဝ၌တည်ရှိနေသောကြောင့် တက္ကသိုလ်မြို့သည် သမိုင်းတစ်လျှောက်၌ အလွန်အ ရေးပါခဲ့၏။ တစ်ခါတစ်ရံ တက္ကသိုလ်သည် လူနေများပြား စည်ကားချမ်းသာသော်လည်း၊ တစ်ခါတစ်ရံ ၀င်ရောက် တိုက်ခိုက်ကြသည့် စစ်တပ်များ၏ ဖျက်စီးမှုကြောင့် အုတ်ကျိုးအုပ်ပဲ့များ စုပုံနေသည့် မြို့ပျက်ကုန်းကြီးဖြစ်ခဲ့ရ၏။ တက္ကသိုလ်သမိုင်းသည် အလွန်ရှေးကျသည့် အခါက အစပြုခဲ့ပြီး၊ တက္ကသိုလ်တွင် အခြားစီးပွါးရေးစသည်ထက် ပညာရေးနှင့် ယဉ်ကျေးမှု ဗဟိုဌာနအဖြစ်ဖြင့် ကျော်ကြားမှုသည် အိန္ဒိယနှင့် မြန်မာ စသော ဒေသအသီးသီးသို့ပျံ့ နှံ့ခဲ့၏။ တက္ကသိုလ်သို့ ဝေးလံသည့် အရပ်ဒေသအသီးသီးမှ ပညာတော်သင်များ စွန့်စွန့်စားစား လာရောက်စုဝေး ကြသည့် အိန္ဒိယပြည်၏ အကြီးကျယ်ဆုံးသော ပညာသင်ကြားရာဌာနအဖြစ်ဖြင့်ဖော်ပြထားသလို၊ ဗြဟ္မဏ ဘာသာဝင် တို့ မဟာရတကျမ်းများ၌လည်း တက္ကသိုလ်မြို့ကို “ဂျနမေဂျယဘုရင်” နန်းစိုက်ထူရာနေရာအဖြစ် ဖြင့် ရေးသားထားသည်ကိုတွေ့ရပေသည်။

နိုင်ငံရေးအားဖြင့် ၀မ်းနည်းဘွယ်ဖြစ်သော်လည်း
“ပါရှင်းအင်ပါယာ” အထွဋ်ထိပ်သို့ ရောက်စဉ်က တက္ကသိုလ်မြို့ကို အင်ပါယာ၏ အရှေ့ဘက် အစွန်ဆုံးလက် အောက်ခံမြို့အဖြစ်ဖြင့် သတ်မှတ်ခံခဲ့ရသည့် အပြင် အင်ပါယာတစ်ခုလုံး၏ စီးပွါးချမ်းသာ အတိုးတက်ဆုံးအစိပ် အပိုင်းဆုံးတစ်ခုအဖြစ် ယုံကြည်လက်ခံခဲ့ကြပေသည်။ ၃၂၆ ဘီစီတွင် ဂရိဘုရင် အလက်ဇန္ဒားသည် တက္ကသိုလ် မြို့ကို ၀င်ရောက်သိမ်းပိုက်လိုက်၏။ ယင်းသို့သိမ်းပိုက်နိုင်ခြင်းသည် သူ၏ အိန္ဒိယနိုင်ငံကိုအောင်မြင်ခြင်းဘို့ရန် လမ်းခင်းပေးသလိုဖြစ်ခဲ့ရပေသည်။ ထိုစဉ်အခါက တက္ကသိုလ်မြို့ကိုအစိုးရသည့် ဘုရင်အမ္ဘိသည် မြို့ကိုသိမ်း ပိုက်သည့် အလက်ဇန္ဒား ဘုရင်အား အရှုံးပေးရုံမက သူ၏စစ်သည်များဖြင့် ကူညီ၍ ရှေးဦးဆက်လက်တိုက်ခိုက် နိုင်ရန် တောင်ကြားလမ်းများကိုပါ လမ်းညွှန်ပြသလိုက်၏။ ယင်းအပြုအမူမှာ သူ၏သမိုင်းအတွက် ဂုဏ်သရေနိမ့် ကျသည့် အမည်းကွက်တစ်ခုဖြစ်ခဲ့ရပေသည်။ ဤသို့လျှင် တက္ကသိုလ်မြို့ ကျဆုံးသွားခဲ့ရသည့်အတွက် နိုင်ငံရေး အားဖြင့် ၀မ်းနည်းဘွယ်ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းအခါကာလများ၌ အိန္ဒိယ အနောက်မြောက်ဒေသအတွင်း သို့ “ဂရိအနုပညာနှင့် ဗိသုကာအတတ်များ” သွတ်သွင်းလာသည်အတွက် ဂရိအနုပညာဌာနဖြစ်ခဲ့ရပေသည်။
တက္ကသိုလ်၌ တွေ့ရသည့် အဆောက်ဦးဟောင်းအားလုံးတို့သည် ဤအချက်၏ သက်သေအထောက်အထား များဖြစ်ကြပေသည်။ ဂရိတို့အုပ်စိုးခြင်းသည် အချိန်ကာလ မကြာမြင့်ပေ။ မောရိယမင်းဆက်ကို တည်ထောင်သူ စန္ဒဂုတ္တမင်းသည် နိုင်ငံခြားသားများကို နှင်ထုတ်ပြီး။ သူ၏အင်ပါယာတွင်းသို့ တက္ကသိုလ်ပြည်ကို သွတ်သွင်းခဲ့၏။ သို့ရာတွင် သူ၏သားတော် ဗိန္ဒုသာရမင်း၏ လက်ထက်၌ တက္ကသိုလ်မြို့သည် လွတ်လပ်ရေးကို ပြန်လည်ရရှိရန် ပုန်ကန်ထကြွခဲ့ကြ၏။ ယင်းပုန်ကန်ထကြွမှုကို နှိမ်နှင်းရန် ဗိန္ဓုသာရမင်းသည် သားတော် အသောကမင်းသား အား စေလွှတ်၏။ ထကြွမှုကို နှိမ်နှင်းပြီးနောက် အသောကမင်းသားသည် တက္ကသိုလ်ပြည်၌ ဘုရင်ခံအဖြစ်ဖြင့် နှစ်အတန်ကြာမျှ အုပ်စိုးနေထိုင်ခဲ့၏။

ဗုဒ္ဓဘသာ ပျက်စီးခဲ့ရသည်
မောရိယအင်ပါယ ပျက်စီးခဲ့ရပြီးနောက် ဆစ်သီယန်မင်း(သို့မဟုတ်) ဆာကမင်းအဆက်သည် တက္ကသိုလ် မြို့ကို သိမ်းပိုက်ခဲ့၏။ နောက်ပိုင်းတွင် “ရိဒေါပဟာနိစ်မင်း” မင်း၏ လက်အောက်၌ တက္ကသိုလ်သည် “အာခိုရှား” ပြည်နယ်နှင့် ပူးပေါင်းခဲ့ရလေ၏။ အေဒီ ၆၀ နှင့် ၆၄ အကြားတွင် ကုရှန် လူမျိုးတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်ပြီး တက္ကသိုလ်မြို့ကိုသိမ်းပိုက်လိုက်ပြန်၏။ အဆိုပါကုရှန်မင်းများလက်ထက်၌ ဗုဒ္ဓသာသနိက အဆောက်အဦး အများဆုံးတည်ဆောက်ခဲ့ဟန် လက္ခဏာရှိပေသည်။ အကြောင်းမှာ ကုရှန်မင်းများထဲမှ ဘုန်း တန်ခိုး အကြီးဆုံးမင်းဖြစ်သော “ကနိရှက”သည် အသောကနောက် ဗုဒ္ဓသာသနာကို အားပေးချီးမြောက်သူ ဖြစ်သောကြောင့်ပေ။ သူသည် အေဒီ၂ ရာသီစုနှစ်အတွင်း၌ အုပ်စိုးခဲ့၏။ ကုရှန်များသာမက ဂရိနှင့် ဆာက တို့သည်လည်း အားပေးခဲ့ကြလေသည်။
အိန္ဒိယပြည်တွင်းသို့ ၀င်ရောက်တိုက်ခိုက်လာခဲ့ကြသည့် လူမျိုးများထဲတွင် “ဟန်း”လူမျိုးများသည် ဗုဒ္ဓဘာသာ ကိုမယုံကြည်မလေးစားကြကုန်။ သူတို့သည် အလွန်ရိုင်းဆိုင်းကြမ်းကြုတ်ကြ၍ ဗုဒ္ဓဘသာယဉ်ကျေးမှုအဆောက် အဦးမှန်သမျှကို ဖျက်ဆီးခဲ့ကြ၏။ အေဒီ ၄၅၀ လောက်တွင် သူတို့သည် အိန္ဒိယပြည်ထဲသို့ ၀င်ရောက်ပြီး တက္က သိုလ် မြို့၏ ရှေးကျဟောင်းနွမ်းသော ယဉ်ကျေးမှု၏ အမှတ်သားများကို သုတ်သင်ဖျက်ဆီး ပစ်ခဲ့ကြလေ သည်။
အံသြဘွယ်ရာ အပျက်ဆီးများသာကျန်ရစ်တော့
အရှင်ဖာဟီယန် ၄၄၀ အေဒီတွင် တက္ကသို့ရောက်ခဲ့၍ အရှင်ဟူအီစံသည် ၇ ရာစုနှစ်ထဲတွင်ရောက်ခဲ့၏။ အရှဖာ ဟီယန်သည် တက္ကသိုလ်မြို့၌ ဗုဒ္ဓဘသာကြီးပွါးတိုးတက်နေသည်ကို တွေ့ခဲ့ရ၏။ အရှင်ဟူအီစံသည်ကား တက္က သိုလ်မြို့ကြီး ဘာသားခြားတို့၏ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ဗုဒ္ဓဘသာဆုတ်ယုတ်ပျက်ဆီး၍ ကျောင်းအ မြောက်အများ ပျက်ဆီးနေသည်ကို တွေ့ခဲ့ရပေသည်။ အိန္ဒိယပြည်တွင်းသို့ မဂိုလ်လူမျိုး များဝင်ရောက်လာပြီး နောက် ဂန္ဓာရတိုင်း ၊တက္ကသိုလ်မြို့မှ ဗုဒ္ဓသာသာတော်သည် လုံးဝပျောက်ကွယ် သွားလေ တော့သည်။ ယခုအခါ ရှေးခေတ်ဟောင်းက ယဉ်ကျေးမှုများကို ပြောပြရန် အံသြဘွယ်ရာ အဆောက်အဦး အပျက်ဆီးများကိုသာ တွေ့ ရပေတော့သည်။

အမျိုး၊ ဘာသာ၊ သာသနာအတွက်
ထိုမှ တစ်ပါး မူလနာလန္ဒတက္ကသိုလ်ကြီးသည်လည်း အာရှတွင်ပေါ်လွင်ထင်ရှားခဲ့၏။ ဘာသာခြားတို့၏ ဖျက်ဆီး မှုကြောင့် မူလနာလန္ဒတက္ကသိုလ်ကြီလည်း ကွယ်ပခဲ့ရလေသည်။ ယင်းသို့သော သမိုင်းဖြစ်စဉ်များကို အရှည်မြင် သော ဆရာကြီး ဦးမြင့်ဆွေသည် အမျိုးဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲရေးအတွက် ဗုဒ္ဓတက္ကသိုလ် ကြီး တည် ထောင်ကာ သာသနာပြုနေခြင်းဖြစ်ပေသည်။





0 comments:

Post a Comment

Facebook Twitter Delicious Digg Stumbleupon Favorites More