Thursday, January 6, 2011

သြ၀ါဒကထာ

ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီး နှစ်ခု၏ အဓိပတိ ဆရာတော်
ဘဒ္ဒန္တ ကုမာရာဘိဝံသ
(ဗန်းမော်ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ)
ပညာသင်ကြာရေးဆိုင်ရာ သြ၀ါဒကထာ။
မာဂဓာ ပါကတာ စေ၀၊ သဟ သင်္ခတ ဘာသယ၊
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။

ပုဂံခေတ်ဦးက ရှးပညာရှင်ကြီးများ စီရင်ရေးသားခဲ့သော ဂါထာဖြစ်ပေသည်။ အနက်မှာ သက္ကတ ဘာသာနှင့် တကွ၊ ပါဠိ၊ပြာကတ ဘာသာဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို တတ်ကျွမ်းသည့် ပညာရှိသည် ပါဠိ၊ ပုဒ်ပါဌ်၊ အက္ခရာမှန်၊ မမှန်ကို သုတ်သင်ရှင်းလင်းနိုင်၏။ ဟူ၍ဖြစ်၏။ ဤအဆိုအမိန့်အရ ရှေးခေတ်အခါမှစ၍ တစ်ဘာသာနှင့် တစ်ဘာသာနီးကပ်စွာဆက်စပ်နေသည့် သက္ကတ၊ မာဂဓ၊ ပြကတ အမျိုးမျိုးဟူသော အိန္ဒိယ ဘာသာများကို တတ်ကျွမ်းအောင်ကောင်းစွာလေ့လာသင်ယူထားမှ သာလျှင် ပါဠိပုဒ်တွေကို နိုင်နင်း၍ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင့် ထင်ရှားလှပေသည်။ရှေးခေတ်မှစ၍ ယခုအထိ သုံးစွဲနေသည့် ဘာသာစကားတွေ အမျိုးမျိုးကိုမျိုးနွယ်တူရာအုပ်စုခွဲခြား သတ်မှတ်လိုက်လျှင် သက္ကတဘာသာ မျိုးနှင့် ပြာက တ ဘာသာမျိုးဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပေမည်။ ထိုနှစ်မျိုးတွင်...


(၁) သက္ကတဘသာဟူသည် ပညာရေးကိုအချိန်ယူစောက်ချသင်ယူ၍ ပညာဖြင့်အသက်မွေးကြသည့် ပုဏ္ဏား တို့က သဒ္ဒါနည်းစနစ် တိကျတင်းကျပ်စွာ မူသေသတ်မှတ်ပြောဆို ရေးသားသည့် ဘာသာစကားမျိုးဖြစ်ပေ သည်။(၂)ပြာကတဘာသာ စကားမျိုးဆိုတာကတော့ သာမာန်လူတန်းစားများပြောဆိုသုံးစွဲကြ၍ ကာလ ၊ ဒေသ၊ ပုဂ္ဂလအရ တစ်ဖြည်းဖြည်း အနည်းငယ် ပြောင်းလွဲကွဲပြားသွားသည့် ဘာသာစကား အမျိုး မျိုးကို မျိုးနွယ်တစ်ခုအဖြစ် စုပေါင်းခေါ်ဝေါ်အမည်ပေးထားသော အမည်ပညတ်တစ်ခုဖြစ်ပေသည်။ ထိုဘာသာနှစ်မျိုး တွင်ပြာကတ ဘာသာမျိုးသည် သုံးစွဲသည့် ဒေသအမျိုး ကိုလိုက်၍ ပါဠိနှင့်တကွ ၊ မာဂဓီ၊ အဒ္ဓမာဂဓီ စသည် အားဖြင့် ဘာသာစကား များစွာကို ကိုယ်စားပြုထားပေသည်။
ရှေးဆရာတော်ကြိးများ၏ အလိုအရ သက္ကတ၊ မာဂဓ၊ ပြာကတ ဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို သင်ယူလေ့လာ တတ်မြောက်မှသာလျှင်ပါဠိဘာသာကို တကယ်ကျွမ်းကျင်နိုင်နင်းနိုင်မည်ဖြစ်၏။ အဘယ့်ေ ကြာင့်ဆိုသော်နောက်ခံသမိုင်းကြောင်းအရပြောရလျှင် ဗုဒ္ဓသာသနာတော်သည် ဗုဒ္ဓလက်ထက်တော်မှစ၍ နှစ်ပေါင်းများစွာအတွင်းမှာအိန္ဒယနိုင်ငံရှိပြည်နယ်ဒေသမြောက်များစွာသို့ရောက်ရှိပြန့်နှံ့သွားခဲ့ရာမှထိုထိုဒေသတို့မှ ပုဂ္ဂိုလ်မြောက်များစွာတို့သည် ဗုဒ္ဓသာသနာတော်တွင်းသို့ ၀င်ရောက်လာခဲ့ကြသဖြင့် တစ်ခုနှင့် တစ်ခု အနည်း ငယ်စီ ကွဲပြားသည့် ဒေသသုံးဘာသာတွေ မြောက်များ စွာတို့သည် ပါဠိပိဋက၊ အဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ဂန္ထန္တရ ဟူသော ပါဠိစာပေပင်လယ် ထဲသို့ တစ်ဖြေးဖြေး ၀င်ရောက် လာသောကြောင့် ဖြစ်ပေ သည်။
ကောင်းပြီ ယခုမြန်မာနိုင်ငံ၌ ပါဠိဘာသာတစ်ခုတည်းကိုပင် ကစ္စည်းသဒ္ဒါကျမ်း ၊ ရူပသိဒ္ဓိ၊ မောဂ္ဂလာန်ကျမ်း ၊ဘေဒစိန္တာကျမ်း စသည်အားဖြင့် စာပေပေါင်းမြောက်များစွာကို အချိန်များစွာပေး၍ သင်ယူခဲ့ကြ သော်လည်း ပါဠိကိုမနိုင်၊ ပါဌ်မှား၊ ပါဌ်မှန်မသိဖြစ်နေရပေသည်။ သက္ကတဘာသာ၊ပြာကတဘာ သာ၊ပြာကတဘာသာ တို့ကိုလည်း ထိုထိုဆိုင်ရာ သဒ္ဒါကျမ်းများကို ဆက်လက်လေ့လာရမည်ဆိုလျှင်နှစ်ပေါင်းများစွာထပ်ကြာဦး မည်ဖြစ်၍အိုမင်းမစွမ်းအရွယ်ရောက်မှ စာတတ်ရတော့မည်မဟုတ်တုံလော ဟုမေးခွန်းထုတ်ငြားအံ့
အဖြေကောင်းကိုတင်ပြပေးပါမည်။



နည်းပညာသာ ပဓာန

နောက်ခံသမိုင်းအရ ရှင်းပြရလျှင် အနောက်ဥရောပ တိုက်သားတို့သည် ဦးစွာပထမ အိန္ဒိယ၊ သီဟိုဠ် ပညာ ရှင်များထံ၌ ပါဠိ၊ သက္ကတ၊ပြာကတဘသာရပ်များကို ဇွဲလုံ့လကြီးစွာ သင်ယူခဲ့ကြ၏။ နောင်စာတတ်လာ သည့်အခါ ဥရောပတိုက်သားတို့သည်(အထူးသဖြင့် ဂျာမာန်လူမျိုးတို့သည်) ၀ိဇ္ဇာ-သိပ္ပံဘာသာရပ်တို့၌ခေတ်မှီ လွယ်ကူသည့် နည်းစနစ်များကို ပညာရှင်တွေ တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ ကြိုးစားအား ထုတ်တီထွင်လာခဲ့ကြသဖြင့် ၀ိဇ္ဇာ-သိပ္ပံဘက်စုံမှာ တစ်ဟုန်ထိုးတိုးတက်လာပြီး (ဆရာဖြစ်ကြသည့်)အရှေ့ တိုင်းသားများကိုကို ကျော်လွန်သွားကြပေသည်။ (ဥပါဒါန် အစွဲမရှိမှု၏ ကောင်းကျိုးပင်တည်း)။
ထိုအနောက်ဥရောပသားတို့သည် ဤပါဠိ၊ သက္ကတ၊ပြာကတ ဘာသာများကို သင်ယူရာ၌လည်း ပညာရှင်တို့ သည် သဒ္ဒါစနစ်တိကျတင်းကြပ်သည့် သက္ကတဘာသာကို အဓိကထား၍ ပါဠိ၊ပြာကတ ဘာသာ များနှင့် နှိုင်းယှဉ်လေ့လာခြင်းဟူသော ဘသာဘေဒခေါ် သိပ္ပံနည်းကျ သဘာဝရုတ္တိနည်း များကို တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ တီထွင်ကြံဆခဲ့ အသုံးပြုကြသဖြင့် အဆိုပါ သုံးဘာသာလုံးကို ကျကျနနခြုံငုံနား လည်အောင်လေ့လာခြင်းဖြင့် မကြာမီကာလအတွင်းမှာ တတ်မြောက်ကောင်းစွာတတ်ကျွမ်း သွားကြပေ သည်။ ထို့ပြင်ခေတ်မှီသော သက္ကတ အဘိဓာန်၊ ပါဠိအဘိဓာန်၊ပြာကတ အဘိဓာန်ကောင်း များကို ပညာရှင် များက စုပေါင်းသားကြသဖြင့်လည်း စာသင်သားတို့၏ ပညာရေးကို အလွန်ပင် ကျေဇူးပြု ကြပေသည်။

အချုပ်ဆိုရသော် ဆရာကြီး ဦးမြင့်ဆွေသည် ပါဠိသက္ကတနည်းစနစ်ကို အပတ်တကုတ် ကြိုးစားအားထုတ် သင်ယူတတ်မြောက်ခဲ့သည့် အဆိုပါခေတ်မှီ သင်ကြားနည်း ဘာသာဘေဒနည်းကို မန္တလေး (မန်းတက္က သိုလ်)၌ နှစ်ပေါင်းသုံးဆယ်ကျော် ၊မန္တလေး သာသနာ့တက္ကသိုလ်၌ ဆယ့်ရှစ်နှစ်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်၌ ဆယ်နှစ်တိုင်တိုင် သင်ကြားခဲ့သည့်နှစ်များစွာအတွင်း၌ ရရှိသည့် သင်ကြားသည့်အတွေ့ အကြုံများစွာ ဖြင့် လည်း မူလဥရောပ သင်နည်းကိုပိုကောင်းအောင်ပြုပြင်မွမ်းမံ၍ သင်ကြားပေးသဖြင့် ယခုအခါ ပါဠိ၊သက္ကတ ၊ပြာကတ ဘာသာတို့၌ တတ်ကျွမ်းကြသည့် မြန်မာရဟန်းတော်တွေ များစွာ ပေါ်ထွန်း လာကြပါပြီ။ ပညာရေး တိုးတက်မှု၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြိုင်အဆိုင် ကြိုးစားနေကြသည့် ဤခေတ်ကြီးဝယ်အောက်တန်း မကျ ရအောင်ပြည်တွင်းပြည်ပ၌ သာသနာပြုကြမည့် အရှင်ဘုရားတို့ ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစား အားထုတ်တော် မူကြပါ၊ ဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါသည်။




0 comments:

Post a Comment

Facebook Twitter Delicious Digg Stumbleupon Favorites More